Discount တွေကြောင့် Brand သေသွားနိုင်လား? ရောင်းအားတက်ဖို့ ဘာလုပ်ရမလဲ အဖြေရှာကြတဲ့အခါ 100 မှာ 80 လောက်က Promotion/Discount တွေကိုပဲ အရင်ဆုံးပြေးမြင် ကြပါလိမ့်မယ်။ဒါတွေက ရေတိုအတွက် အဆင်ပြေကောင်းပြေနိုင်ပေမယ့် အမြဲတမ်း Promotion လုပ်နေရင်တော့ ရေရှည်အတွက် ကိုယ့် Brand Image, Value ကိုပါ ထိခိုက်လာနိုင်ခြေ အများကြီးရှိပါတယ်။ဘာကြောင့် Over Discounting မလုပ်သင့်တာလဲ?နံပါတ် (၁) အချက်က Brand အပေါ်မှာထားတဲ့ Customer Perception ကို ထိခိုက်လာနိုင်ပါတယ်။အခါကြီးရက်ကြီး မဟုတ်ဘဲ အမြဲနီးပါး Promotion/Discount တွေနဲ့ ရောင်းအားမြှင့်ဖို့လုပ်နေတာက ကိုယ့် Product...