Overdiscounting & Disadvantages

Discount တွေကြောင့် Brand သေသွားနိုင်လား?

Discount တွေကြောင့် Brand သေသွားနိုင်လား?

Overdiscounting & Disadvantages

ရောင်းအားတက်ဖို့ ဘာလုပ်ရမလဲ အဖြေရှာကြတဲ့အခါ 100 မှာ 80 လောက်က Promotion/Discount တွေကိုပဲ အရင်ဆုံးပြေးမြင် ကြပါလိမ့်မယ်။

ဒါတွေက ရေတိုအတွက် အဆင်ပြေကောင်းပြေနိုင်ပေမယ့် အမြဲတမ်း Promotion လုပ်နေရင်တော့ ရေရှည်အတွက် ကိုယ့် Brand Image, Value ကိုပါ ထိခိုက်လာနိုင်ခြေ အများကြီးရှိပါတယ်။

ဘာကြောင့် Over Discounting မလုပ်သင့်တာလဲ?

နံပါတ် (၁) အချက်က Brand အပေါ်မှာထားတဲ့ Customer Perception ကို ထိခိုက်လာနိုင်ပါတယ်။

အခါကြီးရက်ကြီး မဟုတ်ဘဲ အမြဲနီးပါး Promotion/Discount တွေနဲ့ ရောင်းအားမြှင့်ဖို့လုပ်နေတာက ကိုယ့် Product တွေသည် နဂိုစျေးထက်နည်းတယ်၊ Discount စျေးနှုန်းကသာ ပုံမှန်စျေးလို့ အမြင်တွေ မှားလာပါလိမ့်မယ်။

ရောင်းအားတက်ဖို့ လုပ်လိုက်တဲ့ Discount တွေကြောင့် သာမန်စျေးဆိုရင် မတန်ဘူးထင်လို့ Discount ချတဲ့အချိန်မှ ဝယ်တဲ့အခါ ရောင်းအားကလည်း ရောင်းတော့ရောင်းနေရပေမယ့် Profit က Margin လိုင်းပေါ်မှာပဲ ရှိနေပါလိမ့်မယ်။

ဒါ့အပြင် Discount ချတဲ့အချိန်ပဲ ရောင်းအားရှိပြီး သာမန်အချိန်တွေဆိုရင် ပုံမှန်စျေးနှုန်းနဲ့ မဝယ်ကြတော့တာကြောင့်လည်း Customer တွေအကျင့်ပါပြီး ကိုယ့်စျေးကွက်ကိုယ်ဖျက်သလို ဖြစ်သွားနိုင်တာကိုတော့ သတိပြုရပါမယ်။

နံပါတ်(၂) အချက်က Product Quality ပါ။

ရံဖန်ရံခါ Discount ချတာထက် အမြဲလိုလို Discount တွေပဲဖြစ်နေတaယ်ဆိုရင် Customer တွေဖက်က နောက်ထပ်စဥ်းစားမှာ ပစ္စည်းရဲ့ အရည်အသွေးကိုပါပဲ။

စျေးနှုန်းအမြင့်မှာ ရောင်းကြတဲ့ Product တွေဆီက Customer တွေအလိုချင်ဆုံး Higher Price – Higher Quality ဆိုတဲ့အတိုင်း တခြား Product တွေထက် တစ်ခုခုထူးတဲ့ အရည်အသွေး၊ ကျန်းမာရေးစိတ်ချနိုင်မှု၊ အဆင့်အတန်းနဲ့ Experience တွေပါ။

လူတော်တော်များများရဲ့ မသိစိတ်ထဲမှာ သူတို့ဝယ်လိုက်တဲ့ ထုတ်ကုန်တစ်ခုရဲ့ စျေးနှုန်းက အဆင့်အတန်းတစ်ခုရှိတဲ့အထဲ ပါဝင်တယ်၊ သတ်မှတ်ထားကြတယ်ဆိုရင် ပုံမှန်ထက်စျေးကြီးနေပါစေ ဝယ်ချင်ကြပါတယ်။ ဒါကြောင့်လည်း လူတွေရဲ့စိတ်ခံစားမှု (အထင်ကြီးစိတ်၊ လိုချင်မက်မောစိတ်) ကို ရောက်အောင် Emotional Touch ဖြစ်စေတဲ့ Brand/Product တွေဖြစ်အောင် လုပ်ဖို့လိုပါတယ်။

Discount နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ နောက်တစ်ချက်ကတော့ တခြား Brand တွေထက် Discount ပိုလုပ်တဲ့ Brand က အရည်အသွေး၊ အဆင့်အတန်း ပိုနိမ့်တယ်လို့ ယုံကြည်ထားကြတဲ့အကြောင်းပါ။

နောက်ဆုံးအချက်ကတော့ Marketing Budget ပဲဖြစ်ပါတယ်။

အမြဲလိုလို Discount လုပ်နေတာရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုက ပုံမှန်သုံးရတဲ့ Marketing Budget ထက် ပိုသုံးလာရနိုင်တာပါပဲ။

ဘာကြောင့်လဲ?

Facebook Boost အပိုင်းကို စပြောရရင် “Discount ချပြီ” ဆိုတဲ့ Post တွေကိုပဲ Page မှာမြင်နေရတော့ ရိုးအီလာပြီး Interest, Reach, Engagement တွေ ကျလာမယ်။

ကျလာတဲ့ Interest တွေကို ပြန်ဆွဲတင်ဖို့ အလျင်အမြန် Boost လုပ်ကြတဲ့အခါ Organic မှာတောင် လူစိတ်ဝင်စားမှုနည်းနေတော့ Boost လုပ်ပြန်ရင်လည်း သာမန် Post တွေထက် CPR (Cost Per Result) တွေတက်လာပြီး အကုန်အကျ ပိုများသွားပါတယ်။

ဒီလိုဆိုတော့ Discount တွေ Promotion တွေ မလုပ်ရတော့ဘူးလား?

  • အခါကြီးရက်ကြီးတွေလို လူစိတ်ဝင်စားမှုများတဲ့ New Year Special Sale, Black Friday, 11.11, 12.12 လိုမျိုး နေ့တွေ
  • ကိုယ့် Brand ရဲ့ အောင်မြင်မှုကို ဖော်ပြနိုင်တဲ့ အမှတ်တရနေ့တွေ
  • လူတွေစိတ်ထဲ မျှော်လင့်ထားတဲ့ Sales Day တွေမှာတော့ မဖြစ်မနေ Discount ပေးဖို့ စဥ်းစားနိုင်ပါတယ်။

ဒါဆိုရင် ကိုယ့် Brand ကို ဘယ်လို Position မျိုးမှာ တည်ဆောက်မလဲ?

Brand Manager, Brand Owner တွေအနေနဲ့ အချိန်မလွန်ခင် ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

Please follow and like us:
Spread the love