Your Objective on your Brand Page is Important!

Page တစ်ခုဖွင့်ရတာ လွယ်ပါတယ်။ အခုလို တိုးတက်နေတဲ့ ခေတ်ရေစီးကြောင်းမှာ ကိုယ့်ရဲ့ Brand Page ကို အမြဲစောင့်ကြည့်ပြီး စိတ်၀င်စားမှုရအောင်လုပ်ထားနိုင်မှ  Competitor တွေနဲ့ ယှဥ်ပြိုင်နိုင်မှာပါ။

ကိုယ့် Brand Page မှာ Reach & Engagement အမြဲတက်နေအောင် ကိုယ့် Objective and Strategy တွေက တကယ်အရေးကြီးပါတယ်။ ကိုယ်ဦးတည်ထားတဲ့ Objective ကလွဲနေရင်တော့  Audience တွေအပေါ် ထိရောက်မှု ဟာလည်း လျှော့ကျ သွားမှာပါ

  • Post တွေမပြတ်တင်တယ်၊ Boost လုပ်တယ်၊ ဒါပေမယ့် Follower တွေတက်မလာတာ
  • Monthly Objective အတွက် Video View တက်စေရမယ်လို့ ရည်ရွယ်ပေမယ့် ထင်သလောက် Result မကောင်းတာ
  • Campaign တွေလုပ်ပြီး Sale တက်ဖို့ ကြိုးစားပေမယ့် တိုးတက်မှု သိပ်မဖြစ်လာတာတွေက

ကိုယ်ထားတဲ့ Objective အပေါ်မူတည်ပြီး Content, Design, Video တွေရဲ့ Quality တွေက လိုက်နိုင်ရဲ့လား၊ Page Insight တွေကို လစဥ်ကြည့်ဖြစ်လား၊ ကိုယ်လုပ်ချင်တာလုပ်ပြီး Audience တွေရဲ့ လိုအပ်နေတာကို ထိရဲ့လားဆိုတာတွေကပဲ ဆုံးဖြတ်ပေးသွားမှာပါ။

လတိုင်း Objective တွေ ချမှတ်တဲ့အခါ ဖြစ်ချင်တာတွေကိုပဲ ကြည့်နေတာထက်စာရင် Reality ဖြစ်အောင်ဆောင်ရွက်ဖို့ Strategy, Planning တွေမှာ ကိုယ့် Brand နဲ့ Audience တွေရဲ့အခြေအနေတွေနဲ့ လိုက်ဖက်ညီမှ KPI ထိတဲ့ Objective တစ်ခုဖြစ်လာပါလိမ့်မယ်။

Please follow and like us:
Spread the love