သူ့ရဲ့နာမည် “User Experience” ဆိုတဲ့အတိုင်း Website ကို လာပြီးကြည့်တဲ့၊ အသုံးပြုတဲ့ User တွေအတွက် ထိရောက်ပြီး မြန်ဆန်လွယ်ကူတဲ့အတွေ့အကြုံတွေ ပေးနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် UX Design တွေဆွဲကြတဲ့အခါ အရမ်းလန်ပျံပြီး အရောင်တွေဆန်းနေဖို့ထက် အသုံးပြုတဲ့သူတွေအတွက် လွယ်ကူအောင် လုပ်ပေးနိုင်ဖို့၊ သူတို့နဲ့ကိုက်ညီဖို့၊ သုံးရတာ ဇနိုးဇနောင့် မဖြစ်ဖို့က အရေးကြီးပါတယ်။ ဒါမှလည်း လုပ်ငန်းအတွက် ဝယ်ဖို့ အလားအလာရှိတဲ့၊ စိတ်ဝင်စားတဲ့ Customer တွေကို Website ကနေထွက်မသွားစေဘဲ ကိုယ့်လုပ်ငန်းရဲ့ Objective (ချမှတ်ထားတဲ့ ရည်ရွယ်ချက်) အတိုင်း ဆွဲခေါ်သွားနိုင်မှာပါ။
ကောင်းမွန်တဲ့ UX Design တစ်ခုက ဘာတွေအကျိုးရှိစေလဲ? ဘာကြောင့် ဒီလောက်အရေးကြီးနိုင်တဲ့ အရာဖြစ်လာမလဲဆိုတာ UX Designer တွေအနေနဲ့ သိထားသင့်တဲ့ ဒီ (၅) ချက်အကြောင်းကို ဖတ်ရှုလိုက်ပါ။

Survey တွေအရဆိုရင် UX Design ကောင်းကောင်းရှိတဲ့ Website က Conversion Rates ကို 400% အထိ မြှင့်တင်ပေးနိုင်ပါတယ်။
ကိုယ့် Business လိုမျိုး တူညီတဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ ပေးနေတဲ့ ပြိုင်ဘက်တွေရဲ့ Website တွေအများကြီး ရှိတဲ့အထဲက လာကြည့်မယ့်သူတွေကလည်း သုံးရလွယ်တဲ့၊ ဆွဲဆောင်မှုရှိတဲ့ Website ကိုပဲ ရွေးဝင်ကြမှာပါ။ သေချာပြင်ဆင်ထားတဲ့ Website တစ်ခုက ဝင်လည်လာတဲ့ User တွေကို ကိုယ့်ရဲ့ကုန်ပစ္စည်းတစ်ခုခုကိုဝယ်ဖို့ စိတ်ဆန္ဒကို ပိုတိုးလာစေပြီး ဝယ်ဖြစ်သွားဖို့ ချီတုံချတုံ ဖြစ်နေတာတွေကို အများကြီး လျှော့ချပေးနိုင်ပါတယ်။

UX Design ကောင်းမှပဲ SEO Ranking ပိုင်းမှာ တက်စေပါလိမ့်မယ်။
လုပ်ငန်းတိုင်းကတော့ Browser မှာရှာလိုက်တိုင်း ပြိုင်ဘက်တွေကြားမှာ ကိုယ့်လုပ်ငန်းကိုပဲ Search Result ထိပ်ဆုံးမှာ ရှိစေချင်ကြတာပါပဲ။ ထိုင်နေရုံနဲ့တော့ SEO (Search Engine Optimization) တက်လာမှာမဟုတ်ပါဘူး။
Website Traffic တက်အောင် လူတွေကို ပိုဆွဲဆောင်ဖို့၊ စိတ်ဝင်စားတဲ့လူတွေကို Website ကနေ ထွက်မသွားဖို့ဆိုရင် ကိုယ့်ရဲ့ SEO Plan မှာ သုံးရလွယ်တဲ့ အသွင်အပြင် (User-friendly Interface) နဲ့အတူ ကောင်းမွန်တဲ့ တည်ဆောက်ပုံ (Well-designed Structure) ရှိတဲ့ UX Design ကောင်းကောင်းနဲ့ တွဲဖက်စဥ်းစားဖို့ တိုက်တွန်းပါတယ်။

Customer Loyalty နဲ့ Retention ကို သိသိသာသာ တက်စေပြီး ယုံကြည်မှုတွေ တိုးစေနိုင်ပါတယ်။
လူအများစုသည် ကုမ္ပဏီတစ်ခုကို ယုံကြည်ပြီး မဝယ်ယူခင်မှာ ကုန်ပစ္စည်းအကြောင်းကို မွှေနှောက်ရှာဖွေလေ့ ရှိပါတယ်။ ဒါကြောင့် ကိုယ့် Website က လူတွေရဲ့ ယုံကြည်ရမှုရှိရဲ့လား သေချာအောင် ဖန်တီးဖို့လိုသလို စျေးကွက်ထဲ အခုမှရောက်လာတဲ့ ကုမ္ပဏီအသစ်တစ်ခုအတွက်ဆိုရင်တော့ လွယ်မယ်မထင်ပါဘူး။
ကိုယ့် Website မှာ ဘယ် Platform, ဘယ် Search Engine ကနေဖြစ်ဖြစ် ဝင်ကြည့်တဲ့လူတိုင်းကို “ပြိုင်ဘက်တွေထက်စာရင် ကိုယ့်လုပ်ငန်းကိုမှ ဘာကြောင့်ယုံသင့်သလဲ” ဆိုတဲ့အကြောင်း မသိမသာရော၊ သိသိသာသာပါ အချက်အလက်တွေ နှိုင်းပြထားလိုက်ပါ။

Website မှာ ထိရောက်တဲ့ UX Design တစ်ခုကြောင့် ကုန်ကျစရိတ်တွေ၊ အချိန်တွေကို လျှော့ချနိုင်ပါတယ်။
Website အသစ် ဒါမှမဟုတ် ထုတ်ကုန်အသစ်တစ်ခုအတွက် ထုတ်ပြတော့မယ်ဆိုရင် User Testing မလုပ်မိလိုက်တာနဲ့ နောက်ပိုင်းမှာ မှားယွင်းနေတာတွေ၊ ပြန်ပြင်ချင်တာတွေရှိလာရင် မသေချာတာတစ်ခုအတွက်နဲ့ စရိတ်ရော၊ အချိန်တွေပါ ကုန်တတ်ပါတယ်။
ဒါကြောင့်လည်း Website ကို လူလုံးထွက်မပြခင်မှာ ပရော်ဖက်ရှင်နယ် အမြင်ရှိတဲ့ UX Designer ရဲ့ Design တွေ၊ စမ်းသပ်မှုတွေကြောင့် မကုန်သင့်ဘဲ ကုန်ရတဲ့ စရိတ်၊ အချိန်တွေအပြင် သုံစွဲသူတွေရဲ့ စိတ်ကျေနပ်မှုတွေကို ထိန်းသိမ်းဖို့ အကောင်းဆုံးပဲဆိုတာ ငြင်းမရနိုင်ပါဘူး။

ကိုယ့် Website ကို လည်ပတ်သူ အရေအတွက်နဲ့ Conversion Rate တွေကို တိုးစေပြီး Revenue နှုန်းကို အများကြီး သက်ရောက်စေပါတယ်။
ကောင်းကောင်းမွန်မွန်ပြင်ဆင်ထားတဲ့ UX Design က ကိုယ့်လုပ်ငန်းမှာ Customer အသစ်တွေ ရစေတယ်၊ ရှိပြီးသား Customer တွေကိုလည်း ထိန်းထားနိုင်မယ့်အပြင် ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ Website မှာ သွားရှာနေတဲ့သူတွေကိုလည်း ကိုယ့် Website ဆီကို ဆွဲခေါ်လာစေနိုင်တာကြောင့် ကိုယ့် Website ကို လည်ပတ်သူ အရေအတွက်နဲ့ Conversion Rate တွေကို တိုးစေပြီး Revenue နှုန်းကို အများကြီး သက်ရောက်စေပါတယ်။