— Why is Content Marketing Important for Your Business

တကယ်ရော လိုအပ်ရဲ့လား……

Content Marketing ကို Shareable Contents တွေ၊ ကိုယ့် Product နဲ့ ပတ်သက်တဲ့ အားသာချက်တွေကို Audience  အနေနဲ့ နားလည်ပြီး ဝယ်ယူချင်စိတ်ပေါ်လာအောင် ဖန်တီးပေးနိုင်မယ့် Product အသားပေး Contents တွေ၊ Audience အတွက် ဗဟုသုတတစ်ခုခု အသိတစ်ခုခုပေးနိုင်မယ့် Knowledge Contents တွေနဲ့ စနစ်တကျသပ်သပ်ရပ်ရပ် ဖန်တီးပေးနိုင်ဖို့ လိုအပ်ပါတယ်။

Content Marketing က Brand တိုင်းအတွက် လိုအပ်ရဲ့လား ဘာကြောင့် အရေးကြီးတာလဲဆိုတာကို အောက်ကအချက်လေးတွေမှာ လေ့လာကြည့်ရအောင် …

Content Marketing က ကိုယ့် Brand ကို သုံးမယ့်သူတွေအနေနဲ့ ယုံကြည်လာအောင်လုပ်နိုင်ပြီး Brand ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်ပါတယ်။

ဒီလို Digital ခေတ်ထဲမှာ Customer တွေရဲ့ ယုံကြည်မှုကို တည်ဆောက်ရ တာဟာ အရေးကြီးဆုံးတစ်ခုပါ။ အရင်ခေတ်တွေတုန်းကလို TV ကြော်ငြာတွေကနေ ကြော်ငြာနေရုံနဲ့ လူတိုင်းဟာ ဒီပစ္စည်းကောင်းပါတယ်ဆိုတာကို လက်မခံကျတော့ပါဘူး။ Digital ခေတ်ရောက်လာတာနဲ့အမျှ ပွင့်လင်းမြင်သာ မှုတွေပိုလာတဲ့အတွက် ဒီ ပစ္စည်းကောင်းမကောင်းဆိုတာကို သူများတွေရဲ့ ပြောဆိုပုံတွေ၊ ထောက်ခံချက်တွေ ကိုကြည့်ပြီး ဆုံးဖြတ်လာကြပါတယ်။ အဲဒါကြောင့်လည်း  ကိုယ်ရေးလိုက်တဲ့ အကြောင်းအရာတစ်ခုဟာ စာဖတ်သူ၊ဝယ်သူတွေ စိတ်ဝင်စားလောက်တဲ့အကြောင်းအရာ၊ အသုံးဝင်လောက်တဲ့ Content မျိုးတွေဖြစ်သင့်တာပါ။

ကိုယ်ရေးလိုက်တဲ့ အကြောင်းအရာတွေထဲမှာ Engaging လုပ်စရာ၊ ဗဟုသုတရစရာတွေနဲ့ တန်ဖိုးရှိတဲ့ အရာတွေပါ နေမယ်ဆိုရင် ကိုယ့်ရဲ့ Brand ကလည်း ကောင်းမှာပဲဆိုတဲ့ အတွေးရသွားနိုင်ပါတယ်။ တစ်နည်းအားဖြင့် Brand Awareness နဲ့ Brand Trust ကို Content Marketing ကနေတစ်ဆင့်ရနိုင်ပါတယ်။

Content Marketing က အခြား Digital Marketing နည်းလမ်းတွေထက်စာရင် ကိုယ့်ရဲ့ Customer တွေနဲ့ ထိတွေ့ ဆက်ဆံမှု (၆) ဆမြင့်ပါတယ်။

အဲဒါကြောင့် ဝယ်သူတွေနဲ့ Relations ကောင်းချင်ရင်ပဲဖြစ်ဖြစ်၊ Brand အပေါ် ယုံကြည်မှု အကောင်းမြင်စိတ်တွေ တိုးစေချင်တယ်ဆိုရင်တော့ Content Marketing က အကောင်းဆုံးပါပဲ။ ကုန်ကျမှု သက်သက်သာသာနဲ့ ကိုယ့်ရဲ့ ရောင်းအားကို မြှင့်တင်ပေးနိုင်မယ့် Market ဗျူဟာ တစ်ခုဆိုလည်း မမှားပါဘူး။ ကိုယ့်ရဲ့ ဝယ်သူတွေဆီ များများနဲ့ မြန်မြန်ရောက်လိုတယ်ဆိုရင်တော့ Content Marketing strategy နဲ့သွားသင့်ပါတယ်။

 

Please follow and like us:
Spread the love