— 2022 မှာ ဘာတွေ ခေတ်ထလာဦးမှာလဲ?

နှစ်တိုင်းပြောင်းလဲနေတဲ့ Social Media ပေါ်မှာ Brand တွေအနေနဲ့လည်း အချိန်အခါအပေါ်မူတည်ပြီး ရေစီးကြောင်းအတိုင်းလိုက်ကာမှ ကိုယ့် Brand ရှင်သန်ဖို့၊ အားပေးတဲ့ပရိတ်သတ်တွေ မငြီးငွေ့သွားဖို့၊ ပြိုင်ဖက်တွေနဲ့ယှဥ်ရင် နောက်မကျဖို့ အရေးကြီးပါတယ်။

တစ်ကမ္ဘာလုံးစာ ကြည့်ကြည့်လိုက်ရင် TikTok က download ဆွဲနှုန်း အမြင့်ဆုံးဖြစ်နေပြီး TikTok ကို ဘယ်လောက်ထိ Growth ဖြစ်လာဦးမလဲဆိုတာကို တစ်ချို့သော Brand တွေက စောင့်ကြည့်နေကြတုန်းပါ။

ကိုဗစ်ကာလထဲကစပြီး Social Media တွေမှာ Short Video တွေအကြည့်များလာတဲ့အတွက် Facebook Reel, Youtube Short Video တွေကလည်း လူကြည့်များပြီး Android User တွေအနေနဲ့ တစ်လကို ၂၃.၇ နာရီကြာအောင် Youtube မှာအချိန်ကုန်နေကြပါပြီ။

မြန်မာနိုင်ငံမှာတော့ Facebook ကို 94.22% အထိ အသုံးများကြတဲ့အတွက် Audience တွေရှိနေသ၍တော့ အသုံးများတဲ့ Social Media ပေါ်မှာ သေချာရပ်တည်ပြီး ကိုယ့် Business Goal ကို ရအောင်ကြိုးစားရမှာပါပဲ။ ဒါပေမဲ့ တခြား Social Media Channel တွေကိုလည်း ကြိုပြီးစမ်းထားသင့်တဲ့အချိန် ရောက်လာပါပြီ။

တစ်နေ့နဲ့တစ်နေ့ ခန့်မှန်းမရတဲ့ အခြေအနေတွေကြောင့် Facebook တစ်ခုတည်းထက် မြန်မာနိုင်ငံမှာ Youtube, Pinterest, VK နဲ့ Twitter တို့က အစဥ်လိုက် အသုံးများတဲ့အပြင် Telegram, Viber တို့ကလည်း မေ့မထားသင့်တဲ့ အရံ Social Media Channel တွေအဖြစ် အချိန်မကျခင်တည်းက ကြိုပြင်ဆင်ထားသင့်ပါတယ်။

Social Media အတွက် ငွေဘယ်လောက်သုံးကြလဲမေးရင် Digital Ads Spent ရဲ့ 33.1% လောက်ကို Social Media မှာအသုံးပြုကြတယ်လို့ Report မှာတွေ့ရပါတယ်။ ဒီလိုကြော်ငြာအတွက် ပိုသုံးတာများလာရင် CPM rate တက်လာပြီး Boost ရတာပိုခက်ခဲနိုင်လာပေမဲ့ မြန်မာနိုင်ငံမှာတော့ $0.6 – $1.2 CPM လောက်ပဲရှိတာ ကံကောင်းပါသေးတယ်။

2022 အတွက် Digital 2022 Global Overview Report အပြည့်အစုံကိုတော့ ဒီ Link ကနေ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါတယ်။

 

Please follow and like us:
Spread the love