— 2021 အလွန်မှာ ပြင်ဆင်ထားသင့်တဲ့ Social Media Marketing

နှစ်တိုင်းပြောင်းလဲနေတဲ့ Social Media ပေါ်မှာ Brand တွေအနေနဲ့လည်း အချိန်အခါအပေါ်မူတည်ပြီး ရေစီးကြောင်းအတိုင်းလိုက်မှ ကိုယ့်  Brand ရှင်သန်ဖို့၊အားပေးတဲ့ပရိတ်သတ်တွေ မငြီးငွေ့သွားဖို့၊ ပြိုင်ဖက်တွေနဲ့ယှဥ်ရင် နောက်မကျဖို့ အရေးကြီးပါတယ်။  တစ်နှစ်နဲ့တစ်နှစ် Trend တွေ ပြောင်းလဲလာတဲ့ Social Media ကရော 2022 မှာ ဘယ်လိုပြောင်းလဲမှုတွေ ကြုံနိုင်ဦးမလဲ?

ဒီထဲကမှ မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်တဲ့ Social Media နဲ့ ပတ်သက်ပြီး သိသင့်တာတွေကို အောက်မှာ ဆက်လက်လို့ ဖတ်ရှုနိုင်ပါတယ်။

  • အာရုံဖမ်းစားနိုင်တဲ့ Short Video တွေ

Tiktok နဲ့ အပြိုင် Youtube Short Story, Facebook ရဲ့စမ်းသပ်ဆဲ Reel နဲ့ Instagram Video တွေက ၂၀၂၁ မှာ လူကြည့်များ၊ Engagement တက်နေတာကြောင့် ကိုယ့် Brand ကို ရိုးရိုး Content + Design Post တွေအစား လူစိတ်ဝင်စားအောင် ဘယ်လိုဖောက်ထွက်မလဲဆိုတာ ကြိုစဥ်းစားထားသင့်ပါပြီ။

အခြား Social Media Platform တွေဖြစ်တဲ့ Pinterest မှာ 240% နဲ့ Twitter မှာလည်း ၁၀ ဆအထက် ပိုပြီး Engagement များလာတာကြောင့် Audience တွေ ပိုစိတ်ဝင်စားဖို့ Short Video တွေကိုလည်း မေ့မထားသင့်တော့တာ သေချာနေပါပြီ။

  • Meme !!!

ဒီလိုဆို အသည်းလေးပေး၊ လက်မလေး ပေးသွားဆိုတဲ့ Post တွေကို Reach လျှော့ချထားတဲ့အတွက် ထင်သလောက်အလုပ်ဖြစ်မှာတော့ မဟုတ်ပါဘူး။

စျေးရောင်းဖို့ သီိးသန့်မဟုတ်တဲ့ Social Media ပေါ်မှာ Audience တွေကို ကိုယ့် Brand အနေနဲ့ Entertain ဖြစ်စေတဲ့ Engagement Post တွေကို စဥ်းစားရကြပ်လာရင် Trend နဲ့ ကိုက်ညီတဲ့ Meme တွေကို တစ်ချက်သုံးကြည့်ပါ။

ကိုယ့် Brand ရဲ့ Audience တွေက လက်ခံနိုင်တဲ့ အနေအထားရှိရင်

2022 မှာ ပိုခေတ်ထလာဦးမဲ့ Meme လောကထဲကို Trend နဲ့အညီ Ethic ရှိရှိ ဝင်ထားရင် အကောင်းဆုံးဖြစ်လာပါလိမ့်မယ်။

  • လူဆန်တဲ့ ဆက်ဆံရေး

Social Media ဆိုတာ ဝယ်သူဖြစ်လာဖို့ ဆွဲဆောင်တဲ့အခါ အရေးကြီးတဲ့ ရှေ့တန်းနေရာဖြစ်တာကြောင့် အပြောအဆိုနပ်ဖို့နဲ့ ကိုယ့် Brand မှာ ပြဿနာတစ်ခုခုဖြစ်ရင် မျက်နှာပျက်စရာတွေမဖြစ်အောင် ဘယ်လိုဖြေရှင်းမလဲဆိုတာက 2022 မှာ ပိုလို့တောင် အရေးကြီးလာပါလိမ့်မယ်။

စျေးကွက်ထဲမှာ ကိုယ့် Brand နဲ့ ပြိုင်ဖက်တွေဆီက ရွေးချယ်စရာတွေလည်း ပိုများလာတာကြောင့် Brand ဖက်က ဒါဆိုဂရုမစိုက်ပဲ ပစ်ထားလိုက်ရင် Customer ဖက်ကလည်း ဒီလိုပဲတုံပြန်လာမှာပါ။ ဒါကြောင့် ဖြေချင်သလိုမဖြေပဲ Message Box နဲ့ Comment တွေကနေ ဝင်လာတဲ့ မေးခွန်းတွေကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ 2022 မှာ ပိုကြိုးစားထားပါ။

နောက်ဆုံးအနေနဲ့ 2022 မှာ အရောင်းတက်ဖို့၊ Engagment တက်ဖို့ ထိုင် Boost တာထက်စာရင် ကိုယ့် Brand Page မှာ တင်မဲ့ Content, Design တွေကို အာရုံဖမ်းစားထားနိုင်အောင် လုပ်ထားနိုင်မှ Social Media ပေါ်မှာ ရပ်တည်လာနိုင်ပါလိမ့်မယ်။

Please follow and like us:
Spread the love