— Website လုပ်ထားပြီး အသုံးမဝင်ဘူးလား
Website လုပ်ထားပြီး အချိန်တစ်ခု အထိ အသုံးမဝင်ဘူးလို့ ထင်နေပြီလား?​
ကိုယ့်ရဲ့ လုပ်ငန်းအတွက် အထောက်အကူဖြစ်အောင် Website တစ်ခု ပြုလုပ်လိုက်တဲ့အခါ အချိန်တစ်ခုကြာသွားပေမဲ့ Website က လုပ်ငန်းကို အထောက်အကူ မပြုဘူးလို့ ထင်လာရတာတွေရှိပါတယ်။ ဒါဆို ကိုယ့်ရဲ့ Website မအောင်မြင်တဲ့အကြောင်းအရာကိုရှာဖွေသင့်ပါပြီ..

1) ရည်ရွယ်ချက်မရှိခြင်း Lack of a Purpose
လုပ်ငန်းရဲ့ ပုံရိပ်ကို ချပြဖို့ Website လုပ်တာဆိုရင် လုပ်ငန်းရဲ့ ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းပြဖို့လိုအပ်ပါတယ်။ ရှင်းလင်းတဲ့ရည်ရွယ်ချက်ကိုပြနိုင်မှ Website ပေါ်က ကိုယ့်လုပ်ငန်းကို စိတ်ဝင်စားမှာပါ။

2) အသုံးပြုမည့်သူကို မစဥ်းစားခြင်း Lack of Focus on the User

အောင်မြင်တဲ့ Website တစ်ခုကိုပြုလုပ်မယ်ဆိုရင် ကိုယ်ပြချင်တာထက် ကိုယ်ရည်ရွယ်တဲ့ Audience က ဘာကိုရှာဖွေလဲဆိုတာက အရေးကြီးတဲ့အချက်ပါ။ ဒီအချက်ကိုထည့်မစဥ်းစားပဲလုပ်ထားမိရင်တော့ Audienceက လာရှာတဲ့အခါ ကျေနပ်မှုရှိမှာမဟုတ်ပါဘူး။ ဒီအချက်ကြောင့်လည်း Website ကမအောင်မြင်တာပါ။

3) Content Strategy မရှိခြင်း

ပြခြင်တဲ့ Data တွေများပြီး စုပြုံထည့်လိုက်မယ်ဆိုရင် User က Home page ကနေလှည့်ပြန်သွားမှာပါ။ ဒီအချက်ကလည်း အရေးပါတဲ့အချက်တစ်ခုပါ။

4) Call to action မရှိခြင်း

Website ပြုလုပ်ခြင်းရည်ရွယ်ချက်က ကိုယ်ရဲ့လုပ်ငန်းကို Website ကနေတစ်ဆင့် စိတ်ဝင်စားမှုခံယူပြီး ကိုယ့်ရဲ့လုပ်ငန်းနဲ့ဆက်သွယ် လုပ်ကိုင်နိုင်အောင်လို့ပြုလုပ်ကြတာပါ။ Audience အတွက် လွယ်ကူတဲ့ ဆက်သွယ်ရမည့် Function မပါဝင်ရင်တော့ စိတ်ဝင်စားမှုမြှင့်လာသမျှ အရှိန်လျော့ သွားစေမှာပါ။ ဒီအချက်ကြောင့်လည်း Website ရှိပြီး အသုံးမဝင်သလိုခံစားရတာပါ။

5) Design အားနဲခြင်း

Website က ကိုယ့်လုပ်ငန်းရဲ့ ပုံရိပ်ပါ။ Strategy တွေဘယ်လောက်ကောင်းကောင်း အဖွင့်ဖြစ်တဲ့ Design ရဲ့ ပြသမှုတွေက ကိုယ့်လုပ်ငန်းကိုအရောင်မှိန်စေတာပါ။ကိုယ်ရင်းနှီးမြုပ်နှံလိုက်တဲ့ Corporate Website တစ်ခုက လုပ်ငန်းအောင်မြင်ဖို့ အမှန်တစ်ကယ် အထောက်အကူပြု စေချင်ရင်တော့ အပေါ်က အချက်တွေအပြင် Marketing Strategy အတွက်ပြင်ဆင်ဖို့ပါ လိုအပ်ပါတယ်။

လူကြီးမင်းလုပ်ငန်းအတွက် အထောက်အကူပြုပြီး ပြည့်စုံတဲ့ Website တစ်ခုအတွက် Salt & Pixel က ကူညီပေးနိုင်ပါတယ်။

Please follow and like us:
Spread the love