21 Mar Meta Verified လို့ ခေါ်တဲ့ Bluemark ကို လစဥ်ကြေးနဲ့ ဝယ်သုံးတော့မှာလား?
Please follow and like us:
ကျော်ကြားသူ Celebrity တွေ၊ သတင်းမီဒီယာတွေ၊ ကုမ္ပဏီတွေနဲ့ အစိုးရ Page တွေကို အတုအစစ် ခွဲခြားနိုင်အောင် 2012 တည်းက စတင်မိတ်ဆက်ခဲ့တဲ့ Blue Mark ကို အခုဆိုရင် Paid Version ဖြစ်နေပါပြီ။
Meta Verified လို့ ခေါ်ဆိုတဲ့ Bluemark ကို Web User တွေအတွက် တစ်လကို 11.99$ နှင့် iOS User တွေအတွက်တော့ 14.99$ လစဥ်ကြေးကောက်ခံတော့မယ်ဆိုပြီး ကြေညာထားတာ တစ်လကြာပါပြီ။
အခုဆိုရင် Australia နဲ့ New Zealand မှာ စတင်စမ်းသပ် Service ပေးနေပြီး US Region မှာပါ ထပ်တိုးရရှိနေပြီဖြစ်လို့ မကြာခင်မှာ Asia ဘက်ကိုရော ရောက်လာတော့မလားဆိုတာ Rumor တွေလည်း ထွက်ပေါ်လာပါတယ်။
အရင်ဆုံး Meta Verified ကိုဝယ်ယူဖို့ Two-Factor Authentication လုပ်ထားရမယ့်အပြင်
နောက်ထပ်မက်မောစရာ တစ်ချက်က
Company ကြီးတွေ၊ Media ကြီးတွေနဲ့ Politician တွေအတွက် သတင်းမှားတွေ၊ ကိုယ့်အယောင်ဆောင်ပြီး Fake News အတင်ခံရတာများတဲ့သူတွေအတွက် သတင်းမှားတွေကို စစ်ဆေးပေးပါမယ်လို့ ကတိပေးထားတဲ့ Meta Verified ကို ဝယ်ထားသင့်ပါတယ်။
Meta ဘက်က ကတိခံထားတဲ့အတိုင်း ထူးခြားမှုတွေရော ရှိပါ့မလား?
AI နဲ့ Human Support ပေါင်းပြီး Meta Verified ဝယ်ထားတဲ့ Account တွေ၊ Page တွေအတွက် တကယ်ရော သတင်းအမှားတွေ၊ ပုံအမှားတွေကို အချိန်မီဖျက်ပေးနိုင်မလား?
ဒါကတော့ Asia ဘက်ကို Service ပေးမယ့်အချိန်မှ ဆက်လက်စောင့်ကြည့်ရပါတော့မယ်။
တကယ်လို့ Meta Verified ကို မရှိမဖြစ် ဝယ်မှဖြစ်မယ်ဆိုရင်လည်း အခုတည်းက Waitlist တင်ထားနိုင်ပါတယ်။
နောက်ပိုင်းမှာ Meta Verified Feature နဲ့အတူ Asia ဒေသတွေအတွက် Meta Pay ကိုပါ ချဲ့ထွင်လာမလားဆိုတာကတော့ ဆက်လက်စောင့်မျှော်ကြဖို့ပဲ ရှိပါဦးမယ်။
လောလောဆယ်မှာတော့ Meta Verified ဝယ်ယူမှူအတွက် Visa, Master, Paypal နှင့် Meta Pay တို့ကို အသုံးပြုပေးချေနိုင်မယ်လို့ သိရပါတယ်။
Waitlist ထဲ စာရင်းကြိုပေးထားချင်ရင်တော့ ဒီ Link ကိုနှိပ်ပြီး စာရင်းကြိုတင်ပေးထားနိုင်ပါတယ်။
[wpdreams_ajaxsearchlite]