— Reaction တွေ ပါလာဦးမဲ့ Reel

Tiktok တို့၊ Youtube Short တို့နဲ့ ပုံစံတူ ဖန်တီးထားတဲ့ Facebook Reel ကို အခုဆိုရင် နိုင်ငံတော်တော်များများမှာ သုံးလို့ရနေပြီဖြစ်ပြီး မြန်မာမှာလည်း သုံးခွင့်ရလို့ Video တွေတောင် တော်တော်များများ ဖန်တီးနေကြပါပြီ။

Facebook Reel မှာ Like, Comment, Share လို့ရတဲ့အပြင် Reaction ပေးရတာကြိုက်တဲ့သူတွေအတွက်တော့ ဒီ Reaction ၇ မျိုးက Facebook မှာရော Instagram အတွက်မှာပါ စမ်းသပ်နေတယ်လို့ သိရပါတယ်။

မလိုတဲ့သူတွေအတွက်တော့ အာရုံနောက်စရာဖြစ်နေပေမဲ့ မသုံးလည်း ဘာမှတော့မဖြစ်သလို လူအများစုက ကိုယ့်ရဲ့ Expression ကို ဖော်ပြချင်တာများတဲ့အတွက် ထည့်ပေးချင်တဲ့ သဘောပါပဲ။

ဒီအချက်တွေကိုကြည့်ရင် Meta Company က Facebook နဲ့ Instagram ရဲ့ Short Video အပိုင်းမှာ User Engagement တက်လာအောင် ပိုအာရုံစိုက်လာတဲ့ အခြေအနေဖြစ်တာကြောင့် Business တွေအနေနဲ့လည်း Reel မှာ ကိုယ့် Audience တွေနဲ့ ဘယ်လို Engage ဖြစ်အောင် လုပ်လို့ရမလဲဆိုတာ ကြိုစဥ်းစားသင့်တယ်လို့ အကြံပေးလိုက်ပါရစေ။

Please follow and like us: