— Facebook Announces Change to Organic Page Impressions, Removal of Gray Verification Badges

Facebook က စီးပွားရေးနဲ့ဆိုင်တဲ့ Page တွေမှာ အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့ပါတယ်။ Business Page တွေရဲ့Gray Mark တွေကို အောက်တိုဘာလကုန်မှာ ဖြုတ်ပစ်တော့မယ်လို့ Marketing Land ကနေ ပထမဦးဆုံးတင်ထားပြီးတော့ မရှေးမနှောင်းမှာပဲ Facebook Team က ကြေငြာခဲ့ပါတယ်။ Gray Mark ဆိုတာက တော့ Blue Mark နဲ့ဆင်တူပြီးတော့ တစ်ဦးတစ်ယောက် ကို ကိုယ်စားပြုတာမဟုတ်တော့ပဲနဲ့ အဖွဲ့အစည်း နဲ့ စီးပွားရေးလုပ်ငန်း အတွက် သီးသန့်အတည်ပြုပေးတဲ့ လက္ခဏာပါ…။ Blue Mark ကတော့ဆက်ရှိနေ ဦးမှာဖြစ်ပြီးတော့ Gray Mark တွေကတော့ အောက်တိုဘာလကုန်မှာ ဖြုတ်ပစ်သွားမှာ ဖြစ်ပါတယ်…။

ဘာလို့ဖြုတ်ပစ်ဖို့အထိ လိုအပ်တာလည်း??

Facebook Team ကတော့ တစ်ချို့ Gray Mark ရထားတဲ့ Page တွေဟာ အဖွဲ့အစည်းကို ဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းကိုဖြစ်ဖြစ် ကိုယ်စားပြုကြောင်းရှင်းရှင်းလင်းလင်း မရှိဘူး ဆိုပြီးတော့ User Feedback တွေအများစုမှာ တွေရတာကြောင့်လို့ပြောကြားခဲ့ပါတယ်..။ Twitter ဟာလည်းမကြာခင်ကပဲ ဒီလိုပြသနာနဲ့ ကြုံခဲ့ရသေးပါတယ်….။ တစ်ချို့ Page တွေက Company Page အတုတွေ ရှိနေပြီးတော့ အစစ်မဟုတ်ပဲနဲ့ Gray mark ရနေတာမျိုးတွေဖြစ်နေတာပါ။ Gray Mark က အဲ့လောက် တင်းကျပ်ထားခြင်းလည်းမရှိတော့ လျှောက်ရပိုမိုလွယ်ကူနေတာမို့ ဝယ်ယူသူ အနေနဲ့ Page အတု အစစ်ခွဲဖို့ တော်တော် ခက်ခဲသွားနိုင်ပါတယ်…။

Please follow and like us:
Spread the love