Messenger သီးသန့်သုံးနေသူတွေကို Facebook ပေါ်ဆွဲခေါ်တော့မယ့် Meta

Messenger သီးသန့်သုံးနေသူတွေကို Facebook ပေါ် ဆွဲခေါ်တော့မယ့် Meta

We are testing the ability for people to access their Messenger inbox within the Facebook app and you’ll see us expand this testing soon ဆိုတဲ့ ကြေငြာချက်နဲ့အတူ Facebook တော့မသုံးချင်ဘူး၊ ခင်မင်တဲ့သူတွေနဲ့ စကားပြောဖို့လောက်ပဲ Messenger ကိုသာ သုံးနေတဲ့သူတွေအတွက် မကြာခင်မှာပဲ App နှစ်ခု ပြန်ပေါင်းတော့မယ်လို့ ပြောလာပါပြီ။

ဟိုအရင်နှစ်တွေကလိုပဲ Facebook App ထဲမှာတင် နေရာတစ်ခုပေးပြီး Messenger ကကိုထားထားပေမယ့် အခုပြန်ပေါင်းတော့မယ်ဆိုရင် ဘာတွေပြောင်းလဲမှု ဖြစ်သွားနိုင်မလဲ?

တစ်ချို့ကတော့ Mobile Phone တွေပေါ်မှာ Messenger သက်သက် Install လုပ်စရာမလိုတော့လို့ အဆင်ပြေတဲ့အကြောင်း မှတ်ချက်တွေပေးထားကြပေမယ့်

Messenger User အရေအတွက်က Facebook User ထက် ပမာဏတစ်ခုပိုများနေလို့ Facebook ပေါ်ရောက်အောင် ပြန်ဆွဲခေါ်တာလားလို့တောင် ရွဲ့ပြောထားကြပါသေးတယ်။

တစ်ချို့ Business သီးသန့်အတွက် Messenger ကိုပဲ သုံးနေတဲ့ Celebrity တွေ၊ လုပ်ငန်းရှင်တွေအတွက်တော့ Facebook ကို မသုံးမဖြစ် သုံးရတော့မယ့် အခြေအနေဖြစ်သွားမှာပါ။

Meta Verified လိုမျိုး Premium လစဥ်ကြေးနဲ့ Messenger Pro, Messenger Promax တွေ ထွက်လာဦးမလားလို့ စောင့်နေတဲ့သူတွေလည်း ရှိပါသေးတယ်။

Please follow and like us:
Spread the love