Covid ကာလအတွင်း နိုင်ငံတကာမှာ Online Business က ပိုအသက်၀င်လာကြပါတယ်။ Audience အများစု ကလည်း သက်သောင့်သက်သာရှိပြီး လွယ်ကူရိုးရှင်းတဲ့ အရာတွေကို ပိုစိတ်၀င်စားလာကြတယ်။ သူတို့ကို Take Care Service ပေးနိုင်တဲ့အရာကိုပိုနှစ်သက်ကြပါတယ်။ Post တွေတော့တင်နေတယ် ဒါပေမဲ့ Engagement မတက်လာဘူးဆိုရင်တော့ Audience တွေကို Service ပေးဖို့ လိုအပ်ချက်တွေကို ပြန်စဥ်းစားရပါမယ်။
Video is Still Dominating
Video is the No.1 content format အဖြစ်ဆက်ပြီး ရပ်တည်နေဦးမှာပါ။ Audience တွေရဲ့ Feedback Video တွေတင်ပေးတာ၊ Product အကြောင်း Video ရိုက်ပြီးရှင်းပြတာမျိုးတွေ လုပ်ပေးပါ။
Activity တွေကို Blog Post မျိုးတင်ပေးတာဟာလည်း စိတ်၀င်စားမှုတိုးစေပါတယ်။ ကိုယ့် Product ကို Animation Video မျိုးကြော်ငြာတာကလည်း Engagement ပိုတက်စေမှာပါ။