Posted at 31 Mar, 05:43h
in Blogs
Please follow and like us:
Electronic Direct Mail ဖြစ်တဲ့ EDM ကို လူတော်တော်များသိနေကြဖြစ်တဲ့ Email Marketing နဲ့မှားလေ့ရှိကြပါတယ်။
ဘာကွာလဲဆိုရင် Email Marketing က Lead တွေစုဆောင်းပြီး ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်အောင် တည်ဆောက်တယ်၊ EDM ကတော့ Email Marketing တစ်မျိုးဖြစ်ပြီး ဒီလိုစုဆောင်းထားတဲ့ အချက်အလက်တွေကို အသုံးချ၊ Strategy ချမှတ်ကာ ကိုယ့်ရဲ့ Customer ဖြစ်လာအောင် ကြိုးစားတဲ့အပိုင်းတွေမှာ ကွာခြားသွားပါတယ်။
EDM Marketing ကို ကုမ္ပဏီတွေက Customer Loyalty တည်ဆောက်ဖို့နဲ့ ရောင်းအားတက်စေဖို့ ကောင်းကောင်းအသုံးချကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အသုံးများကြပေမဲ့ Social Media Marketing ဖြစ်တဲ့ Facebook သီးသန့် အသုံးပြုတာလောက်တော့ မတွင်ကျယ်သေးပါဘူး။
ကုမ္ပဏီတွေအတွက် Customer တွေရဲ့ Brand ဆီက လိုအပ်ချက်၊ လိုချင်မှုတွေ၊ မျှော်လင့်ချက်တွေကို Brand ဖက်က နားလည်ပေးနိုင်အောင် ကြိုသိနေဖို့ ကူညီပေးနိုင်သလို Marketing Campaign တွေရဲ့ စွမ်းဆောင်ရည်တွေကို တိုင်းတာတဲ့အခါမှာလည်း ကိုယ်ပို့လိုက်တဲ့ Email ကို ဖွင့်ကြည့်လိုက်လား၊ Call to Action ကိုရောက်လာရဲ့လား၊ ကျော်သွားကြလား၊ Spam ထဲထည့်လိုက်လားဆိုတာကိုလည်း သိနိုင်ဦးမှာဖြစ်သလို Printed Media, Social Media နဲ့ Text Messaging ကဏ္ဌတွေမှာပါ Marketing Campaign ရဲ့ ဦးတည်ချက်ရောက်စေဖို့ ချိတ်ဆက်အသုံးပြုပါတယ်။
EDM ကနေ စီးပွားရေးလုပ်ငန်းတွေအတွက် ပေးနိုင်တဲ့ အဓိကကောင်းကျိုးတွေကတော့-
Customer တွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်၊ ထိထိမိမိ Communicate လုပ်နိုင်တာကြောင့် လုပ်ငန်းတွေအတွက် အားသာချက်တွေ အများကြီးရနိုင်သလို ကိုယ့်ရဲ့ ရည်ရွယ်ချက်ကိုလည်း သေသေချာချာ ဦးတည်နိုင်တာကြောင့် ဒီ Brand နဲ့ Customer ကြားမှာ ယုံကြည်မှုတွေ တည်ဆောက်နိုင်တဲ့အပြင် E-Commerce လုပ်ငန်းတွေ၊ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ၊ NGO/INGO လုပ်ငန်းတွေအပြင် လုပ်ငန်းတော်တော်များများကို Conversion Rate တွေ တိုးလာအောင်လည်း EDM Marketing က ကူညီပေးနိုင်ပါသေးတယ်။
တကယ်လို့သာ EDM Marketing ရဲ့ ကောင်းကျိုးတွေကို သေချာအသုံးချတတ်ရင်တော့ ကိုယ့် Brand ရဲ့ Marketing Campaign တွေကို Online ရော Offline ပေါင်းပြီး အကျိုးအရှိဆုံး ရလဒ်တွေကို ဖော်ဆောင်နိုင်မဲ့အပြင် လက်ရှိ Customer တွေရော၊ အသစ်ဖြစ်လာမဲ့ သူတွေအတွက်ပါ အကောင်းဆုံး Brand အဖြစ် ပြောင်းလဲနိုင်မှာပါ။
[wpdreams_ajaxsearchlite]