Content Marketing in Social Media

Content & Design Strategy is Really Important in Social Media!

Content Marketing in Social Media

ကိုယ့်ရဲ့ Brand ကို Facebook မှာ ကြော်ငြာတဲ့အခါ ဖတ်တဲ့သူတွေရဲ့ စိတ်အာရုံကို တစ်စက္ကန့်အတွင်း ဖမ်းစားနိုင်ဖို့လိုပါတယ်။

အချိန်တိုအတွင်း ဖမ်းစားနိုင်ဖို့ဆို Content နဲ့  Design တွေက Creative ဖြစ်ဖို့ထက် Strategy မိရဲ့လား၊ ကိုယ့် Audience အတွက်ရော ဟုတ်ရဲ့လား ဆိုတာ Post မတင်ခင်အရင်စဉ်းစားကြည့်ပါ။

ကိုယ့် Page မှာတင်တဲ့ Design နဲ့ Content တွေက ကြည့်နေတဲ့ Audience တွေကို မဆွဲဆောင်နိုင်ဘူးဆိုရင် ကြော်ငြာနေတာက အချိန်ကုန်၊ ငွေကုန်ပါတယ်။ Content ဆိုတာက Audience တွေနဲ့  Relationship လုပ်ပေးပြီးတော့ စကားသံတွေကိုဝေမျှပေးတာပါ။ 

ကိုယ်ဖော်ပြချင်တဲ့အရာကို Audience တွေဆီ Strategy မိမိနဲ့ ရေးသားနိုင်မှသာ ထိရောက်မှာပါ။ မှားယွင်းတဲ့ Trend တွေတင်တာကလည်း Brand Image တွေကျလာနိုင်တာမို့ သတိပြုပါ။

ကိုယ့်ရဲ့ Audience တွေနဲ့ လိုက်မယ့် Design၊ Animation Video တွေကို ဘယ်လို Strategy လှည့်ကွက်မျိုးနဲ့ သွားမလဲဆိုတာ အရေးကြီးပါတယ်။

Competitor တွေနဲ့မတူပဲ ဆန်းသစ်တဲ့ကွဲပြားချက်တွေရှိနေမှ ကိုယ့် Business ရဲ့ Audience အသစ်တွေ ပိုတိုးဖို့နဲ့ ရှိပြီးသား Audience တွေပါ ထိန်းထားနိုင်မှာပါ။

နောက်ဆုံးတစ်ချက်ကတော့ Content နဲ့ Design ချိတ်ဆက်မိဖို့လိုပါတယ်။ 

ဒီနှစ်ခု ဆက်စပ်မှုမရှိဘူးဆိုရင် အချိန်အကုန်ခံ လုပ်ထားရပေမယ့် Result မကောင်းနိုင်တာကြောင့် Concept တစ်ခုပေါ်အခြေခံပြီးမှ Content နဲ့ Design ကို အချိတ်အဆက်မိအောင်၊ Audience တွေဆီ ပေးချင်တဲ့ Message ကို ရှင်းရှင်းလင်းလင်း ပြတတ်အောင် Strategy ချမှတ်ထားဖို့ လိုပါတယ်။

ဒါကြောင့် Post အမြဲတင်ဖို့ စဥ်းစားနေတာထက်စာရင် ဒီအချက်တွေကို အရင်ဆုံး သတိထားဆုံးဖြတ်ဖို့ အကြံပေးလိုက်ပါရစေ။

Please follow and like us:
Spread the love