လွန်ခဲ့တဲ့နှစ်မှာ Facebook.Inc ကနေ Meta လို့ အမည်ပြောင်းလို့ Branding ပြန်လုပ်ခဲ့ပေမဲ့ အခုတစ်ခါမှာလည်း အရင်ခေါ်နေကျ “News Feed” ကို “Feed” လို့ ခေါ်ဆိုပြောင်းလဲချင်ပေမဲ့ တခြားထူးခြားမှုတွေတော့ မရှိသေးပါဘူး။
လူတွေအချင်းချင်း ဆက်သွယ်ပေးဖို့ တီထွင်ထားတယ်ဆိုတဲ့ Facebook က News Feed ဆိုတဲ့စာလုံးမှာ ‘News’ ဆိုတာကြောင့် တစ်ချို့လူတွေက Facebook မှာ သတင်းတွေပဲမြင်ရတာလား၊ သတင်းတွေပဲ အဓိကပြနေတာလားဆိုတာ တွေးမိကြတဲ့အတွက် သတင်းရော၊ မိတ်ဆွေအပေါင်းအသင်းတွေတင်တဲ့ Post နဲ့ Stories တွေကိုပါ မြင်နိုင်အောင် Feed လို့ပြောင်းလဲလိုက်တာပါ။