Posted at 01 Mar, 11:34h in Blogs, News, social media by myothainkha — နာမည်ပြောင်းပေမဲ့ Error တွေမပြောင်းသေးတဲ့ Facebook လွန်ခဲ့တဲ့နှစ်မှာ Facebook.Inc ကနေ Meta လို့ အမည်ပြောင်းလို့ Branding ပြန်လုပ်ခဲ့ပေမဲ့ အခုတစ်ခါမှာလည်း အရင်ခေါ်နေကျ “News Feed” ကို “Feed” လို့ ခေါ်ဆိုပြောင်းလဲချင်ပေမဲ့ တခြားထူးခြားမှုတွေတော့ မရှိသေးပါဘူး။လူတွေအချင်းချင်း ဆက်သွယ်ပေးဖို့ တီထွင်ထားတယ်ဆိုတဲ့ Facebook က News Feed ဆိုတဲ့စာလုံးမှာ ‘News’ ဆိုတာကြောင့် တစ်ချို့လူတွေက Facebook မှာ သတင်းတွေပဲမြင်ရတာလား၊ သတင်းတွေပဲ အဓိကပြနေတာလားဆိုတာ တွေးမိကြတဲ့အတွက် သတင်းရော၊ မိတ်ဆွေအပေါင်းအသင်းတွေတင်တဲ့ Post နဲ့ Stories တွေကိုပါ မြင်နိုင်အောင် Feed လို့ပြောင်းလဲလိုက်တာပါ။ Starting today, our News Feed will now be known as "Feed." Happy scrolling! pic.twitter.com/T6rjO9qzFc— Facebook App (@facebookapp) February 15, 2022 တခြားအချက်အနေနဲ့ ဒီနှစ်အစကနေ စပြီး Facebook Feed မှာ Post တွေ မပေါ်လာတော့တာ၊ Boosting အတွက် Ads လုပ်တဲ့အခါ စရိတ်ပိုများလာပြီး Target ဆီကို ပြည့်ပြည့်ဝဝ မရောက်တဲ့ Error တစ်ချို့တော့ ဖြစ်နေတုန်းပါပဲ။ ဒီအချက်က Facebook ရဲ့ Algorithm ပြောင်းလဲမှုတစ်ချို့ကြောင့်ဖြစ်နိုင်သလို လက်ရှိဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေကြောင့်လည်း ဖြစ်နိုင်သေးတာကြောင့် အခြေအနေ အချိန်အခါအပေါ်လိုက်ပြီး Brand တွေအတွက် စောင့်ကြည့်ထားဖို့ လိုအပ်ပါသေးတယ်။ Please follow and like us: Spread the love Tags: social media