Caution for all Facebook page owners!

Caution for all Facebook page owners!

❗️လက်ရှိအချိန်မှာ Business Page တွေ၊ Influencer Page တွေနဲ့ Account တွေအပြင် ရိုးရိုး Personal Account တွေမှာပါ Hack ခံရတဲ့ကိစ္စတွေ မြင်နေကြရပါတယ်⚠️

တကယ်တမ်း ဖြစ်လာမှဆိုရင် ပြန်ရနိုင်ချေက Page Owner တွေအနေနဲ့ Personal Account နဲ့ Page တွေမှာ Information တွေ ဘယ်လောက်စုံအောင် ထည့်ထားတယ်၊ 🔒Security ကောင်းအောင်နဲ့ Recovery အဆင့်တွေ ဘယ်လောက်ပြင်ဆင်ထားတယ် ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။

ဒါကြောင့် Page Owner တွေအတွက် ကိုယ့် Account ကို ဘယ်လို Set up လုပ်ထားရမလဲဆိုတာ Salt & Pixel က တစ်ခုချင်းဆီ မျှဝေပေးလိုက်ပါတယ်😇

1. Use a Strong Password & enable Two-factor Authentication

Page မှာ Admin ဖြစ်နေတဲ့ ကိုယ့်ရဲ့ Personal Facebook Account တစ်ခုကြောင့် Page ကို Hacker တွေ သိမ်းပိုက်တာခံရပြီး ပြန်ဆယ်မရတော့တဲ့အထိ ဖြစ်တတ်ပါတယ်။

ကိုယ့် Personal Account တစ်ခု လုံခြုံဖို့၊ ဘေးကလူက အမှတ်တမဲ့ကြည့်မိရင်တောင် မှတ်ရမလွယ်ဖို့ Password ကိုလည်း အနည်းဆုံး (၇) လုံးကနေ အလုံး (၂၀) အထိထားသင့်ပြီး စာလုံးအကြီး၊ အသေး၊ @#*$ တို့လို သင်္ကေတ (Special Character) တွေနဲ့ အလွယ်ခန့်မှန်းလို့မရအောင် ဖန်တီးပါ။

ပြီးရင်တော့ ယုံကြည်ရတဲ့ Password Manager Application တစ်ခုခုမှာမှတ်ထားဖို့နဲ့ စာအုပ်ထဲမှာ မှတ်ထားဖို့လည်း မမေ့ပါနဲ့။

နောက်တစ်ချက်ကတော့ Two-Factor Authentication ကိုလည်း ဖွင့်ထားဖို့ လိုကိုလိုအပ်ပါတယ်။ ဒါမှ ကိုယ့် Account ထဲကို ဘယ်သူက ဘယ်အချိန်မှာဝင်ဖို့ကြိုးစားလဲ၊ ဘယ်နေရာကဝင်လဲ ဆိုတာသိနိုင်သလို ကိုယ် Approve မပေးရင် တခြားသူက Password ရသွားရင်တောင် မဝင်နိုင်ပါဘူး။

 

2. Assign a Backup Admin in the Business Manager Account Role and in the Page Role:

Facebook Page မှာ Admin, Editor Role တွေထည့်တာတွေထက် ပိုလုံခြုံတာကတော့ Business Manager Account ဖွင့်ပြီး အဲ့ထဲမှာမှ Admin, Editor, Advertiser စသဖြင့်ပေးထားတာက Recovery ပြန်လိုက်တဲ့အခါ ရနိုင်ချေပိုများပါတယ်။

Business Manger Account ရှိမရှိကို business.facebook.com/overview မှာစစ်ဆေးနိုင်သလို မရှိသေးရင်တော့ အသစ်ဖွင့်ဖို့ လိုပါတယ်။

တကယ်လို့ Business Manager ထဲမှာ Admin တစ်ယောက်ထဲ ထည့်ထားမယ်ဆိုရင်လည်း Account Hacked ခံရတဲ့အခါ Page တစ်ခုလုံး ပါသွားနိုင်တာကြောင့် ဖုန်းနံပါတ်အသစ်၊ Email အသစ်နဲ့ Account ဖွင့်ထားတဲ့ Backup Admin တစ်ယောက်ကို ထည့်ကိုထည့်ထားသင့်ပါတယ်။

3.Be cautious of suspicious links and malicious software

မြန်မာနိုင်ငံမှာ အဖြစ်များပြီး ဘယ်လောက်ပြောပြောခံနေရတာကတော့ မသိတဲ့ Link တွေမှာ Login ဝင်ပြီး လွယ်လွယ်ပေးလိုက်မိတာပါပဲ။ အဖြစ်များတာကတော့ “Facebook Page Security”, “Meta Help” အဲ့လို Page Name အတုတွေနဲ့

“သင့် Facebook Page က Policy တစ်ခုခုကိုဖောက်ဖျက်မိလို့ ဖျက်ချတော့မယ်၊ ဒီလိုမဖြစ်ချင်ရင် ပေးထားတဲ့ Link ကိုဝင်ပါ” ဆိုတဲ့ပုံစံနဲ့ Page ကို Mention ခေါ်ပြီး ခြောက်တတ်ကြပါတယ်။

တကယ်ထင်လို့ User Name နဲ့ Password ထည့်ပြီး Login ဝင်လိုက်ရင်တော့ 100% ပါသွားတာသေချာပါပြီ။

နောက်ထပ် ဂရုစိုက်ဖို့ကတော့ Email, Website တို့ကနေ အစစ်အမှန်မဟုတ်တဲ့ Link တွေ ဝင်မိတဲ့အခါ၊ App တွေ Down တဲ့အခါမှာလည်း Computer, Mobile Phone တွေကို Virus ဝင်ပြီး ရှိသမျှ Data တွေ၊ Account တွေ ယူသွားတတ်ပါတယ်။

ဒါကြောင့် ပို့လာတဲ့ Email တွေကို Logo တင် စစ်တာမဟုတ်ပဲ ပို့လာတဲ့ Mail Address နဲ့ Link တွေ မှန်မမှန် (တစ်ချို့က facebook.com ဆိုပေမယ့် နောက်မှာ xyz တို့လိုမျိုး ပါတတ်ပါတယ်)

 

4. Regularly check the “Logged in devices” section

ကိုယ့် Business Page ကို ဘယ်သူတွေ၊ ဘယ်အချိန်တုန်းက ဘယ် Device နဲ့ဝင်ခဲ့လဲဆိုတာကိုပါ တစ်ပါတ်တစ်ခါ ပုံမှန်စစ်ဆေးပြီး သံသယရှိတဲ့ နေရာတွေကနေ Login ဝင်ထားတာတွေကိုလည်း ဖယ်ရှားပေးပါ။

သူများ Laptop မှာ Login ဝင်သုံးမိပြီး Remember Password လုပ်ထားခဲ့ရင် Laptop ပိုင်ရှင်က ကိုယ့် Account, Page တွေကို ဝင်သုံးနိုင်တာကြောင့် “Logged in devices” ကို စစ်ဆေးဖို့မမေ့ပါနဲ့။

Log In Device တွေကို တစ်ပတ်တစ်ကြိမ် ပုံမှန်စစ်ဆေးပြီး စောင့်ကြည့်နိုင်ပါတယ်။ ဒါဆိုရင်တော့ Location နဲ့ Device အမျိုးအစားတွေကို စောင်ကြည့်သိနိုင်ပြီး အမျိုးအစားမသိတဲ့ log In တွေကို ဖယ်ရှားပါ။

Two-factor Authentication ဖွင့်ထားရင်တော့ ကိုယ့်ဖုန်းဆီပို့တဲ့ OTP ရမှ Account ထဲ ဝင်လို့ရတဲ့အတွက် ပိုစိတ်ချရပါတယ်။

 

5. Keep a record of your Facebook account information

Page Admin ဖြစ်နေတဲ့ ကိုယ့် Facebook Account ရဲ့ Name, Date of Birth, Phone Number, Email Address စတဲ့ အသေးစိတ်အချက်အလက်တွေကို စုံအောင်ဖြည့်ထားတာကလည်း Account ပါသွားတဲ့အခါ ပြန်ရဖို့ အထောက်အကူဖြစ်ပါတယ်။

ဒါပေမယ့် စုံအောင်ဖြည့်ထားပြီး အချက်အလက်တွေ မမှတ်မိတော့တာ၊ ရောသွားတာမျိုးဆိုရင်လည်း ပြန်မရနိုင်တာကြောင့် သေချာမှတ်သားထားပါ။

6. Scan your computer for malware regularly

လုပ်ငန်းခွင်မှာ အသုံးပြုတဲ့ Computer တွေမှာ Data တွေခိုးယူတဲ့ Malware, Trojans နဲ့ Virus တွေမရှိအောင်လည်း ဂရုစိုက်ရပါမယ်။

ယုံကြည်စိတ်ချရပြီး License ဝယ်သုံးရတဲ့ Avast, AVG စတဲ့ Antivirus တွေကို Page အတွက်သုံးနေတဲ့ ကိုယ့် Personal, လုပ်ငန်းခွင်က Computer, Smart Phone တွေမှာထည့်ပြီး နေ့တိုင်း Full Scan ဖတ်ပါ။ ဝယ်သုံးလိုက်ရတဲ့ ကုန်ကျငွေက Business Page ပါသွားတဲ့ပြဿနာထက် အများကြီး သက်သာပါလိမ့်မယ်။

“iphone 14 ကံစမ်းမဲပေါက်ပြီ” ၊ “ပိုက်ဆံမကုန်ပဲ Boost လို့ရမယ့် Application” ၊ “Business တွေကိုကူညီပေးမယ့် Application” ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းအောင်လုပ်ထားတဲ့ Link တွေကို မဝင်မိဖို့လည်း ဂရုစိုက်ပါ။ ဒီခေတ်မှာ ဘယ်အရာမှ အလကားမရပါဘူး။

ဝယ်သုံးထားတဲ့ Antivirus ရှိရင်တော့ မသင်္ကာတဲ့၊ အန္တရာယ်ရှိတဲ့ Link တွေဝင်မိရင်၊ App တွေ Download မိရင် သတိပေးပြီး အလိုအလျောက် ဖျက်ပေးတဲ့အတွက် စိတ်ချရပါလိမ့်မယ်။

Please follow and like us:
Spread the love