— Facebook ရဲ့ AI ကြောင့် Reach နဲ့ Engagement တွေ ကျလာနိုင်လား?

Facebook သုံးရင်းနဲ့ ကိုယ်ကြိုက်တဲ့အကြောင်းအရာတွေ၊ Game တွေနဲ့ သတင်းဆောင်းပါးတွေ ရှာဖတ်တဲ့အခါ User တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားမှု (Interest) အပေါ်မူတည်ပြီး  Newsfeed ပြသတဲ့နေရာမှာ တာဝန်ယူပေးပေမဲ့ အခုဆို ဘာတွေကွာခြားသွားမယ်ထင်ပါသလဲ?

ကိုယ်ရှာဖူးတဲ့၊ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ကြော်ညာတဲ့ Post တွေ၊ Video တွေ တက်လာတာ ကိစ္စသိပ်မရှိနိုင်ပေမယ့် မဆီမဆိုင် Page တွေကို ထပ်ခါတလဲလဲ လာပြနေရင်တော့ စိတ်အနှောင့်အယှက် ဖြစ်ကြမှာပါ။

အခုဆိုရင် Reel ကိုလည်း Tik Tok ရဲ့ နာမည်ကြီး “For You” ဆိုတဲ့ User အကြိုက်ကို ရွေးပြပေးတဲ့ ပုံစံအတိုင်း လိုက်အတုခိုးလာတာ တွေ့ရပြီး အခုနောက်ပိုင်းဆိုရင် Reel တွေတင်မကတော့ပဲ Newsfeed မှာပါ “Suggest for You” ဆိုပြီးတော့ Random Content တွေကို AI ကရွေးပြီးပြပေးနေပါပြီ။

ဒါတွေက အရင်တည်းကဆိုပေမယ့် အခုကစလို့ ပိုပြီးပြတော့မယ်ဆိုတာ Meta ဘက်ကနေ လည်း ကြေညာထားပါသေးတယ်။

ဒါပေမဲ့ လက်ဝှေ့မကြိုက်တဲ့သူကို လက်ဝှေ့အကြောင်းသွားပြနေတာ၊ Game မဆော့တဲ့သူကို Game အကြောင်းတွေပဲ ပြနေတာအပြင် Hide လိုက်ရင်တောင် ထပ်ခါတလဲလဲ ပြနေတာမျိုးတွေအထိ Algorithm မှာ လိုအပ်ချက်တွေတော့ ရှိနေပါသေးတယ်။

ဒီကိစ္စရဲ့ ရိုက်ခတ်မှုအနေနဲ့ Business Page တွေရဲ့ Post Reach တွေ၊ Engagement တွေ ကျလာတာ၊ Boost မလုပ်ထားဘူးဆိုရင် ပိုပြီး အခြေအနေဆိုးနိုင်တာမျိုးတွေ ဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။

နေ့တိုင်းပြောင်းလဲနေတဲ့ Meta ရဲ့ ပေါ်လစီတွေထဲမှာမှ Business Owner တွေ သိဖို့လိုအပ်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာဖြစ်လို့ Salt & Pixel Website မှာ အမြဲလေ့လာဖတ်ရှုနိုင်ပါတယ်။

Please follow and like us:
Spread the love