ကိုယ့်ထုတ်ကုန်ပစ္စည်းကို ဝယ်ချင်လာအောင် Promotion တွေ၊ Discount တွေပေးပြီး ရောင်းကောင်းအောင်လုပ်နေပေမဲ့ Brand Equity ရှိမှ Customer တွေက ယုံယုံကြည်ကြည်နဲ့ စျေးကြီးရင်တောင် မက်မက်မောမော ပေးဝယ်နေမှာပါပဲ။
Brand Equity ဖြစ်လာဖို့ Customer တွေ Brand knowledge ကောင်းကောင်း ပေးတတ်ဖို့လိုပါတယ်။ Customer တွေကို ကိုယ့် Brand ရဲ့ တန်ဖိုး၊ Brand Knowledge တွေ၊ ကတိတွေ၊ Customer တွေရဲ့ Needs & Wants တွေကို ကိုယ့် Brand က ဘယ်လိုထောက်ပံ့ပေးနိုင်တယ်၊ သူတို့ နေ့စဥ်ဘဝမှာ လိုအပ်နေတာတွေကို ကိုယ့် Brand က ဘယ်လောက်လွယ်ကူသွားအောင် ကူညီပေးနိုင်တယ်၊ အခက်အခဲတွေ ရှင်းပေးနိုင်တယ်ဆိုတာ Customerတွေ သိနားလည်လာအောင် Information ပြည့်ပြည့်စုံစုံနဲ့ ရှင်းပြပေးဖို့ လိုအပ်ပါတယ်။
ဒါမှ ကိုယ့် Brand အပေါ် ယုံကြည်မှုရှိပြီး ဝယ်ချင်လာမှာဖြစ်သလို အကောင်းမြင်အောင်၊ Negative မဖြစ်အောင် ဂရုစိုက်ဖို့လည်း အရမ်းအရေးကြီးပါသေးတယ်။
ကိုယ့် Brand ရဲ့ Identity ကောင်းအောင်၊ အသုံးပြုသူတွေအတွက် ဒီ Brand ရဲ့ အနှစ်သာရ၊ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းသိအောင် (ဥပမာ – ဘယ်သူ့အတွက် ဘယ်နေရာမှာ ဘာအတွက်သုံးရင် ဘယ်လို အကျိုးကျေးဇူးရနိုင်တယ်ဆိုတာမျိုး) ပြပေးဖို့ လိုပါတယ်။