Ai Creative Tool တွေနဲ့ 2023 ရဲ့ Artwork အပေါ်လွှမ်းမိုးမှုရှိလား?

2023 မှာ Ai Creative Tool တွေက Design နဲ့ Artwork တွေအပေါ် ဘယ်လိုလွှမ်းမိုးမှု ရှိလာနိုင်မလဲ?

Digital လောကထဲကို Ai ၀င်ရောက်လာတာ ကြာပါပြီ။ အခုတလော Ai နဲ့ပတ်သတ်ပြီး လူစိတ်၀င်စားမှု များလာတာကို တွေ့ရမှာပါ။ 2023 မှာရော Ai တွေက ဘယ်လိုစိတ်၀င်စားဖို့ကောင်းအောင် လုပ်ပေးသွားနိုင်မလဲ?

အခုတလောကမှပေါ်လာတဲ့ Text ကနေ Image ပြန်ထုတ်ပေးနိုင်တယ်ဆိုတဲ့ Mid Journey Website က အချိန်တိုအတွင်း ရုပ်ပုံတွေ ဖန်တီးပြနိုင်ပါတယ်။

ဒီအချက်ကြောင့်လည်း Digital Art ဘက်မှာ Ai ကို လူတွေပိုသတိထားမိလာတဲ့ အကြောင်းအရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ Detail ကျကျတော့မဖန်တီးနိုင်သေးပါဘူး။

အချိန်တိုအတွင်းဘယ်လိုဖန်တီးလဲ ဆိုတဲ့အချက်ကတော့ စိတ်၀င်စားစရာကောင်းပါတယ်။

Ai ဟာ Social Network ပေါ်မှာရှိတဲ့ Design, Art တွေကို အခြေခံပြီးတော့ ပြန်ပြီးပေါင်းစပ်လိုက်တာပါ။ အများအမြင်လိုမျိုး New Creation တော့မဖြစ်နေပါဘူး။ ပုံတွေကတော့ တော်တော်လေး စိတ်၀င်စားဖို့ကောင်းတာကို တွေ့ရပါလိမ့်မယ်။

Ai ဖန်တီးထားတဲ့ပုံတွေကို Social Media Designs မှာ အစားထိုးလာလို့ ရလာနိုင်မလား ဆိုတာကတော့ Audience တွေကို Analysis လုပ်နိုင်ပြီး Brand Theme, Concept တွေ ပါအောင်ဆွဲနိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်မှာပါ။

Marketing Concept ပါအောင် ပြနိုင်ဖို့လည်း လိုအပ်ပါတယ်။ ကြည့်လို့သာလှပြီး Concept, Value တွေမပါတဲ့ Design က Engagement အပြင် Brand Image ပါ ထိုးကျသွားနိုင်သလို Ai က Program ရေးဆွဲထားသလောက်ပဲ လုပ်ဆောင်ပေးနိုင်တာဖြစ်လို့ လောလောဆယ်မှာ အလှသက်သက် Art အနေလောက်ပဲ ခံစားနိုင်ဦးပှာပါ။

Please follow and like us:
Spread the love