03 Mar ကိုယ့်ရဲ့ Customer တွေအကြောင်း သေချာနားလည်ချင်ရင် Posted at 14:00h in Blogs, social media by myothainkha ကိုယ့် Page မှာ လာဝယ်နေတဲ့၊ ဝယ်ဖို့ မေးမြန်းတဲ့ Customer တွေရဲ့ အသံ၊ တနည်းအားဖြင့် ကိုယ့် Brand ကို ဘာကြောင့်ကြိုက်တယ်၊ ရွေးချယ်ကြတယ်၊ အားသာချက် အားနည်းချက်တွေကို Analysis လုပ်ဖို့ အရေးကြီးပါတယ်။Social Listening လုပ်ပါ။ ကိုယ့်ရဲ့ Brand အကြောင်း၊ ကိုယ့် Company အကြောင်း၊ ကိုယ့်ရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအကြောင်း၊ Competitor တွေအကြောင်း အပြင်မှာဘာတွေပြောနေလဲဆိုတာ မျက်ချေမပြတ်အောင် စောင့်ကြည့်နေဖို့ လိုပါတယ်။ Social Listening လုပ်တဲ့အခါ ငွေကြေးပေးရတာနည်းတဲ့ (သို့) ငွေမကုန်တဲ့ နည်းလမ်းတွေရှိသလို အခကြေးငွေတစ်ခုနဲ့ Social Listening Tools တွေကိုလည်း အသုံးပြုကြလေ့ရှိပါတယ်။Social Listening လုပ်မယ်ဆိုရင်ကိုယ့် Customer, Audience တွေအကြောင်း ကောင်းကောင်းသိလာမယ်ပြိုင်ဘက်တွေ ဘာတွေလုပ်နေတယ်၊ ဘာလုပ်ဖို့ပြင်ဆင်နေလဲ သိနိုင်မယ်ကိုယ့် Brand နဲ့ဆိုင်တဲ့ Industry မှာ ဘာတွေ Trend ဖြစ်နေလဲ သိနိုင်မယ့်အပြင်ဒီထက်ပိုကောင်းတဲ့ Customer Service နဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်လာပါလိမ့်မယ်။အခုခေတ်စားနေတဲ့ Influencer Marketing အတွက်ဆိုရင်လည်း ကိုယ့် Brand အကြောင်း သေချာသိနေပြီဖြစ်တာကြောင့် Collaborate လုပ်မယ့် Influencer မှန်အောင် ရွေးချယ်နိုင်ပါတယ်။Social Listening လုပ်တဲ့အခါမှာ သတိထားဖို့အနေနဲ့ ပြိုင်ဘက်တွေ ဘာတွေလုပ်နေလဲ၊ ဘာတွေမှားခဲ့ပြီး ဘယ် Campaign ကတော့ ပေါက်ခဲ့တယ်ဆိုတာကိုပါ သတိထား ကြည့်ပေးပါ။အရှင်းဆုံးကတော့ Facebook မှာဆိုရင် ကိုယ့် Brand ရဲ့ နာမည်ရိုက်ထည့်ပြီး ရှာကြည့်ပါ၊ Page ရဲ့ Community ထဲ ဝင်ကြည့်ပါ၊ Message Box နဲ့ Comment မှာ ဘာတွေပြောထားကြသလဲ စစ်ဆေးပါ။ကိုယ်ရဲ့ ပြိုင်ဘက်တွေဆီကနေ Customer တွေလိုချင်တာ ဘာလဲ၊ ဘာကြောင့် ရွေးချယ်လဲဆိုတာသိရပြီဆိုရင် ကိုယ့် Brand ရဲ့ Customer Pain Point ကိုပါ နားလည်အောင်ကြိုးစားလိုက်ပါ။ နောက်ဆုံးအချက်အနေနဲ့ Social Listening လုပ်မယ့် Social Media Channel ကို မှန်ကန်အောင် ရွေးချယ်ပါ။ Trend ဖြစ်တိုင်း ကိုယ့် Brand ကို Channel အားလုံးမှာ မြင်နေအောင်ကြိုးစားတာထက် ကိုယ့် Audience က ဘယ် Channel မှာရှိလဲ၊ ဘာလုပ်ဖို့ရှိနေတာလဲ၊ ဘယ်လို အကြောင်းအရာတွေ ပြောကြလဲဆိုတာ အရင်လေ့လာပါ။ကိုယ့် Audience ပြောတာကို နားမထောင်တတ်တဲ့ Brand တစ်ခုက ရေရှည်ရပ်တည်နိုင်မယ်လို့ အခုထိထင်နေတုန်းဆိုရင် စီးပွားရေးမလုပ်ပဲ စာပြန်ဖတ်ဖို့ပဲ အကြံပေးလိုက်ပါရစေ။ဒီလောက်ဆိုရင် Social Listening အကြောင်း အနည်းငယ်လောက် သိသွားလောက်ပြီဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ရော ဘယ်လိုမျိုး Social Listening လုပ်ဖြစ်လဲဆိုတာ ဝေမျှပေးခဲ့နိုင်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ Social Listening လုပ်မယ့် Social Media Channel ကို မှန်ကန်အောင် ရွေးချယ်ပါ။ Trend ဖြစ်တိုင်း ကိုယ့် Brand ကို Channel အားလုံးမှာ မြင်နေအောင်ကြိုးစားတာထက် ကိုယ့် Audience က ဘယ် Channel မှာရှိလဲ၊ ဘာလုပ်ဖို့ရှိနေတာလဲ၊ ဘယ်လို အကြောင်းအရာတွေ ပြောကြလဲဆိုတာ အရင်လေ့လာပါ။ကိုယ့် Audience ပြောတာကို နားမထောင်တတ်တဲ့ Brand တစ်ခုက ရေရှည်ရပ်တည်နိုင်မယ်လို့ အခုထိထင်နေတုန်းဆိုရင် စီးပွားရေးမလုပ်ပဲ စာပြန်ဖတ်ဖို့ပဲ အကြံပေးလိုက်ပါရစေ။ဒီလောက်ဆိုရင် Social Listening အကြောင်း အနည်းငယ်လောက် သိသွားလောက်ပြီဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ရော ဘယ်လိုမျိုး Social Listening လုပ်ဖြစ်လဲဆိုတာ ဝေမျှပေးခဲ့နိုင်ပါတယ်။ Please follow and like us: Spread the love Tags: social listening, social media