ဒီလိုဆိုရင် Chat GPT ကရတဲ့ အချက်အလက်တွေကို အပြင်မှာ လက်တွေ့အသုံးချကြည့်မယ်ဆိုတဲ့ စိတ်ကူးက ကိုယ့်လုပ်ငန်းနဲ့ အဆင်ပြေမယ်လို့ ယူဆပါသလား?
အခုခေတ်မှာ Messenger, Instagram, Telegram, Viber အားလုံးနီးပါး Chatbot တွေကို သုံးလာကြပါပြီ။ Ai နည်းပညာသုံးထားတဲ့ Manychat, Chatfuel တို့လို Chatbot တွေရဲ့ နည်းပညာအဆင့်အတန်းက တော်တော်လေးခရီးရောက်နေတာကို သတိထားမိကြသလို သူတို့တွေထက် အဆင့်မြင့်တဲ့ Ai နည်းပညာသုံး Digital နဲ့ပတ်သက်ရင် အကုန်လုပ်လို့ရတဲ့ Mid Journey, Chat GPT တို့လို အဆင့်မြင့် Ai တွေကတော့ 2022 နှောင်းပိုင်းလောက်ကမှ တွင်ကျယ်လာတာပါ။
Ai ဆိုထဲက သူရထားတဲ့ Data ကို အခြေခံပြီး သူ့ရဲ့ ယူဆချက်ကို ပြန်လည်ဖြေပေးတာပါ။ နောက်တစ်ချက်က သူပြောတဲ့ Data တွေက မှန်လား၊ မှားလားဆိုတာ အာမခံချက်မရှိပါဘူး။
တစ်နည်းအားဖြင့်လည်း ကိုယ့်လုပ်ငန်းရဲ့ Loyal Customer တွေနဲ့ Conversation စတဲ့အခါ သူတို့ရဲ့စိတ်ကို ဖမ်းစားနိုင်ပါ့မလား၊ Sale ဖြစ်အောင် ဆွဲခေါ်နိုင်ပါ့မလား မသေချာနိုင်ပါဘူး။
အနှစ်ချုပ်ပြောရရင် ၂၀၂၃ မှာ Ai တွေရဲ့ အခန်းကဏ္ဍက ဒီထက်ပိုပြီးတော့ တွင်ကျယ်လာပါလိမ့်မယ်။ ကျွန်တော်တို့ လူမှုစနစ်၊ လုပ်ငန်းခွင်၊ စီးပွားရေးနဲ့ လူမှုရေး စတဲ့အပိုင်းတွေမှာလည်း အသီးသီးနေရာယူလာကြပါလိမ့်မယ်။ Marketing industry ပိုင်းလည်း Ai ကို အသုံးပြုပြီး Marketing Campaign Idea တွေ၊ Content/ Copywriting တွေအပြင် Graphic Design ဆွဲတာအထိပါ နေရာယူလာနိုင်မလား?
Marketing မှာ Ai ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အထိ ကျယ်ပြန့်လာမလဲ၊ နေရာယူလာမလဲဆိုတာ ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။